Google Search ကုမ္ပဏီက Google Glassတွေ ထပ်ထုတ်ရောင်းမယ်

googleglass_15.jpg
Shares 0

Google Search ကုမ္ပဏီက အင်တာနက်ချိတ်ဆက်ထားတဲ့ Google Glassမျက်မှန်တွေကို ထပ်ထုတ်ရောင်းပါတော့မယ်။ ဒါပေမဲ့ အများပြည်သူတိုင်းတော့ ၀ယ်ခွင့်ရမှာမဟုတ်ပါဘူး။

အရင်ကGoogle Glassကို လေ့လာစမ်းသပ်မှုလုပ်ခဲ့တဲ့သူတွေကို Googleက အောက်တိုဘာလ ၂၈ရက်နေ့မှာ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ့သူတွေရဲ့ မိတ်ဆွေသုံးယောက်စီကို Google Glass၀ယ်ခွင့်ပေးမယ် လို့ဆိုပြီး ၀ယ်ခွင့်ရဦးရေကို တစ်သောင်းလို့သတ်မှတ်ထားထားပါတယ်။ Google Glassဟာ စမတ်ဖုန်းတစ်လုံးလို အလုပ်လုပ်မှာဖြစ်ပြီး မျက်မှန်တပ်သလိုတပ်ထားရမှာပါ။ ကန်ဒေါ်လာ ၁၅၀၀ကျပါတယ်။

Google Glassကို အရင်က၀ယ်ခဲ့တဲ့သူတွေကိုလည်း အသစ်နဲ့လဲလှယ်ခွင့်ပြုတယ်လို့ Googleကပြောပါတယ်။ Google Glass အသစ်တွေမှာ ပါဝါမျက်မှန်နဲ့ပါအလုပ်လုပ်ဖို့ updateလုပ်ထားပြီး နားကြပ်ကတော့ တစ်ဖက်ပဲပါပါတယ်။ Google Glassမှာ လက်နဲ့ကိုင်စရာမလိုဘဲ အသံနဲ့အမိန့်ပေးရိုက်ကူးနိုင်မယ့် ကင်မရာတစ်လုံးပါရှိပါတယ်။

(Ref:usatoday)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *