Cobra နဲ့ ခင်မဉ္ဖူခိုင်တို့ရဲ့ အိမ်ထောင်သက် ၅နှစ်မှာ ရရှိတော့မယ် ရင်သွေး

480201_175691392594068_1635914571_n.jpg
Shares 0

အဆိုတော်Cobraနဲ့ သရုပ်ဆောင် ခင်မဉ္ဖူခိုင်တို့ရဲ့ အိမ်ထောင်သက် ၅နှစ်အကြာမှာ ရရှိပိုင်ဆိုင်ခဲ့တဲ့ ရင်သွေးလေးကို သားသားလေးလား။ မီးမီးလေးလားဆိုတာ သူတို့၂ဦးကို အားပေးနေကြတဲ့ ပရိသတ်များ စိတ်ဝင်စားကြမယ်လို့ထင်ထားပြီးသားပါ။ လက်ရှိမှာတော့ မြလေးရဲ့ ကိုယ်ဝန်ဟာ ၆လပြည့်နေပြီဖြစ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းလောက် မွေးဖြစ်မယ်လို့သူမက ပြောပါတယ်။ အိုဂျီ ဒေါ်ခင်သိန်းဦးနဲ့ အပ်ထားပြီး မွေးမယ့် ဆေးရုံတော့ အတိအကျမသိသေးဘူးလို့ သူမက ဆိုပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့ ခံစားချက်နဲ့ ပတ်သတ်ပြီး ‘ရင်သွေးလေးကို အရမ်းလိုချင်နေခဲ့တာပါ။ ကိုယ်လိုချင်တဲ့အချိန်မှာ ရတော့ ပျော်တာပေါ့နော်။ Cobraဆိုလဲ ကလေးလိုချင်နေတာကြာပြီ။ ဒါပေမဲ့ သူက မြလေး ငယ်သေးလို့ မယူဖြစ်သေးတာ။ ဒါပေမဲ့ အခုရသွားပြီဆိုတော့ မြလေးရော Cobraရော အရမ်းကိုပျော်နေသလို မြလေးရဲ့ မိဘနဲ့ သူ့ဘက်က မိဘတွေလဲ အရမ်းကို ပျော်နေကြပါတယ်။ မြလေးတို့ဘက်ကဆို မြေးဦးလေးဆိုတော့ ပိုပြီး ၀မ်းသာတာပေါ့နော်။ သားသားလေးလား၊ မီးမီးလေးလားဆိုတာကိုတော့ ဒီလကုန်မှသိရမှာပါ။  မြလေးကတော့ သမီးလေးလိုချင်တယ်။ Cobra ကတော့ ၀ဋ်လည်မှာစိုးလို့တဲ့ ။ ဒါပေမဲ့ ဘာလေးပဲဖြစ်ဖြစ်ပါ။ မြလေးတို့ ၂ယောက်ရဲ့ရင်သွေးလေးဖြစ်တဲ့ အတွက် အခုလက်ရှိမှာတော့ အတိုင်းမသိကိုပျော်နေပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့အတွက် အစား၊အသောက်၊အနေ၊ အထိုင်ကအစ အစစအရာရာ ဂရုစိုက်ဖြစ်နေပါတယ်’ လို့မြလေးကပြောပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *