ဂြိုဟ်သိမ်ဂြိုဟ်မွှား ကာကွယ်ရေးအစီအစဉ်ကို ကုလသမဂ္ဂချမှတ်

mirror-bees.jpg
Shares 0

၂၀၀၀၀ခန့်သော ဥက္ကာပျံခဲတွေဟာ ကျွန်တော်တို့ကမ္ဘာနဲ့ နီးကပ်တဲ့နေရာမှာ လည်ပတ်နေတဲ့အတွက် သိပ်ကိုအန္တရာယ်ရှိနိုင်တဲ့ အလားအလာဖြစ်နေပါတယ်။ အဲ့ဒီ့ဥက္ကာပျံခဲတွေ ကမ္ဘာကိုဝင်မဆောင့်အောင် ကာကွယ်ရေးအစီအစဉ်တွေချဖို့ နက္ခတ္တဗေဒပညာရှင်တွေက သတိပေးခဲ့ပါတယ်။ ကမ္ဘာမြေကိုချဉ်းကပ်လာတဲ့ ကျောက်စိုင်ကျောက်သားတွေကို အာကာသအပြင်ဘက်အလွှာထဲရောက်အောင် စူပါဟီးရိုးအစွမ်းနဲ့ ကန်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ အပြာရောင်ဂြိုဟ်သေးသေးလေးဖြစ်တဲ့ ကျွန်တော်တို့ကမ္ဘာကို ဥက္ကာပျံခဲတွေဝင်တိုက်တာကို တားဆီးဖို့အတွက် တွန်းကန်အားစိုးစဉ်းမျှမရှိသေးပါဘူး။  ဒါ့ကြောင့် အဲ့ဒီ့ဥက္ကာပျံခဲကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ ကုလသမ္မဂကပြောသွားတာပါ။

အန္တရာယ်ရှိဥက္ကာပျံခဲတွေကို လမ်းကြောင်းပြောင်းဖို့နဲ့ ကြားဖြတ်တိုက်ဖို့အတွက် နိုင်ငံတကာဂြိုဟ်သိမ်ဂြိုဟ်မွှား သတိပေးအဖွဲ့ကို စတင်ဖွဲ့စည်းဖို့ ကုလသမ္မဂ အမှုဆောင်အရာရှိတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့လုံခြုံရေးဟာ အန္တရာယ်ရှိတဲ့အနေအထားမှာ ရောက်ရှိနေတယ်လို့ အာကာသမှူးဟောင်းများအဖွဲ့အစည်းက သတိပေးခဲ့ပါသေးတယ်။

ကမ္ဘာဂြိုဟ်ရဲ့လုံခြုံရေးကို တိတိကျကျတာဝန်ယူမယ့် အစိုးရအဖွဲ့အစည်း မရှိသေးပါဘူး။ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို ကန်ထုတ်ဖို့ နာဆာကတာဝန်ယူထားခြင်းမရှိသလို၊ ဘယ်အာကာသအဖွဲ့အစည်းကမှလည်း တာဝန်ယူထားတာမရှိပါဘူး။ ဒီနှစ်အစောပိုင်းက ရုရှားနိုင်ငံ၊ Chelyabinsk မြို့မှာ ဥက္ကာပျံခဲတစ်လုံးကျပြီး ပေါက်ကွဲခဲ့တာဟာ ကမ္ဘာ့အနီးက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို ကာကွယ်ဖို့ သိပ်ကိုလိုအပ်နေတယ်ဆိုတဲ့အချက်ကို ထောက်ပြလိုက်တာပါပဲ။ Chelyabinsk မြို့က ကမ္ဘာ့လေထုထဲကို ချဉ်းကပ်လာခဲ့တဲ့ ဥက္ကာခဲရဲ့ အရှိန်ဟာ တစ်စက္ကန့်ကို ၁၂မိုင်နှုန်းရှိပြီး ပေါက်ကွဲမှုနှုန်းဟာလည်း ဟီရိုရှီးမားမှာ ပေါက်ခဲ့တဲ့ အက်တမ်ဗုံးထက် အဆ၂၀ပြင်းပါတယ်။

လူပေါင်း ၁၂၀၀လောက်ဒဏ်ရာရပြီး အိမ်ခြေ၄၀၀၀အထက် ထိခိုက်ပျက်စီးခဲ့ပါတယ်။ နာဆာ အပါအ၀င် ဘယ်သိပ္ပံပညာရှင်ကမှ ဥက္ကာခဲပြုတ်ကျပေါက်ကွဲခဲ့တဲ့သတင်းကို သူတို့ရဲ့facebook, twitter feedတွေမှာမကြည့်ခင် ပြုတ်ကျမယ်လို့မသိခဲ့ကြပါဘူး။

(Ref:ibtimes)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *