ချဲလ်ဆီးနှင့် ကားလင်းဖလားပွဲတွင် အာဆင်နယ်၏အဆင့်အတန်းကို ပြရမည်ဟု ၀င်းဂါးတိုက်တွန်း

news_d_-_copy.jpg
Shares 0

ယနေ့ည(၂း၁၅)နာရီတွင် ကားလင်းဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် အိမ်ကွင်းအမ်းမရိတ်စ်တွင် ချဲလ်ဆီး အား ဧည့်ခံကစားရမည့်ပွဲမှာ အာဆင်နယ်၏အဆင့်အတန်းကို ထိထိမိမိပြသနိုင်မည့် အခွင့်ကောင်းဟု အာစင်ဝင်းဂါး က ယုံကြည်ထားသည်။ အာဆင်နယ်မှာ ဖလားလက်မဲ့ဖြစ်ခဲ့သည်မှာ (၈)နှစ်ပင်ရှိလာခဲ့ပြီဖြစ်ရာ ယခုနှစ်ဘော လုံးရာသီမှာ ထိုအရိပ်မည်းကြီးကို ဖျောက်ဖျက်ပစ်နိုင်မည့် အချိန်ကောင်းလည်းဖြစ်နေပေသည်။ “ ကျွန်တော်တို့ အသင်းဖလားမရခဲ့တာနှစ်တွေအရမ်းကြာလာခဲ့ပါပြီ။ အခုဆိုရင် ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေရနေပြီ။ ချဲလ်ဆီးလိုအသင်းမျိုးနဲ့ ကစားရမယ့်ပွဲစဉ်ဟာ စိတ်ပိုင်းဆိုင်ရာမြင့်မားမှုကိုဖြစ်စေနိုင်ပါတယ်။ အခုကျွန်တော်တို့ အသင်းကို အသင်းကြီးတစ်သင်းအဖြစ် ပြိုင်ဘက်တွေစိတ်ထဲမှာ နှလုံးသွင်းလာဖို့အတွက် အခုလိုပွဲကြီးပွဲကောင်း တွေကို အနိုင်ကစားဖို့လိုအပ်ပါတယ်”ဟု အာစင်ဝင်းဂါးက ပြောခဲ့သည်။

ယနေ့ညကစားမည့် ကားလင်းဖလားစတုတ္ထအဆင့်ပွဲစဉ်မျာ

လက်စတာစီးတီး-ဖူလ်ဟမ်

ဘာမင်ဂမ်-စတုတ်စီးတီး

မန်ယူ-နော့ဝှစ်ခ်ျ

ဘန်လေ-၀က်စ်ဟမ်း

အာဆင်နယ်-ချဲလ်ဆီး

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *