လူလယ်ခေါင်မှာငိုရမယ့်အစားကိုယ်တုန်းလုံးသာနေလိုက်ချင်တယ်လို့ Miley Cyrus ပြော

miley_cyrus_gets_naked_resize.jpg
Shares 0

Miley Cyrus ကတော့ လူရှေ့သူရှေ့မှာငိုယိုရမယ့်အစား ကိုယ်တုန်းလုံးနေရတာပိုပြီး သက်တောင့်သက်သာဖြစ်ပါလိမ့်မယ်လို့ဆိုလိုက်ပြန်ပါတယ်။

Wrecking Ball သီချင်းနဲ့ အောင်မြင်ခဲ့တဲ့ Miley ဟာ မကြာသေးခင်က hit ဖြစ်ခဲ့ပြီး သူ့ရဲ့ကိုယ်တုန်းလုံး လှုပ်ရှားမှုနဲ့ သတ္ထုဘောလုံးပေါ်တက်ခွပြီး တွဲလောင်ခိုနေတဲ့ပုံရိပ်တွေပါဝင်တဲ့ သူ့ရဲ့ဂီတရုပ်ရှင် ဖန်တီးမှုအကြောင်းကိုဖွင့်ပြောပြပါတယ်။ ပြီးတော့ကင်မရာရှေ့မှာငိုပြရတာဟာ ကိုယ်တုန်းလုံးရိုက်ရတာထက်ပိုပြီး စိတ်ဆင်းရဲစရာကောင်းတယ်လို့ဆိုပါတယ်။

Miley က “ကိုယ်တုန်းလုံးနေရတဲ့လုပ်ဆိုတာမျိုးဟာ ကျွန်မဘယ်တော့မှမကောင်းပြောမယ့်အရာမဟုတ်ပါဘူး။ သူများတွေမြင်သလိုမျိုးကျွန်မမမြင်ဘူး။ လူရှေ့မှာငိုယိုပြရမယ့်အစားကိုယ်တုန်းလုံးနေလိုက်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့အားနည်းချက်ကိုဖေါ်ပြရတာကိုကျွန်မမကြိုက်တာရယ်ပြီးတော့ကိုယ်ကစိတ်ပိုင်းဆိုင်ရာအလွယ်တကူဒဏ်ရာရနိုင်တယ်ဆိုတာကိုဖေါ်ပြတာကြောင့်ပါ" လို့ဆိုပါတယ်။

အဲဒီ့ ဗီဒီယိုမှာမကြာသေးခင်ကပဲသူ့ရဲ့ချစ်သူ Liam Hemsworth စေ့စပ်မှုပျက်ပြားခဲ့တဲ့ အသက်၂၀သာရှိသေးတဲ့ Miley ရဲ့စိတ်ခံစားမှုကိုဖေါ်ပြခဲ့ပါတယ်။

(ref:starpulse)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *