ကမ္ဘာ့အဆင့်တစ်နေရာကို ဖက်ဒဲရားမမက်မောဟု ရာဖေးနာဒယ်လ်မှတ်ချက်ပြု

news_c1.jpg
Shares 0

၂၀၁၁ခုနှစ်မှစတင်ကာ တစ်စစနှင့် ကျဆင်းလာနေခဲ့သော ဆွစ်ဇာလန်တင်းနစ်သမားရော်ဂျာဖက်ဒဲရားမှာ အောင်မြင်မှုများနှင့် ဝေးကွာလာသည်နှင့်အမျှ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်လည်း အဆင့်(၆)သို့တိုင် ကျဆင်းသွားခဲ့ရသည်။ ယခု ၂၀၁၃ခုနှစ်အတွင်းဆိုလျှင်လည်း သြစတြေးလျအိုးပင်းကွာတားဖိုင်နယ်သို့ ရောက်ရှိခဲ့ခြင်းမှာ အဓိကဂရင်းဆလင်းပြိုင်ပွဲကြီးများအတွင်း အမြင့်ဆုံးတက်လှမ်းနိုင်မှုဖြစ်ခဲ့ရာ ၂၀၀၂ခုနှစ် နောက်ပိုင်း အဆိုပါအဓိကပြိုင်ပွဲကြီးများ၏ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်အဖြစ် မရောက်ခဲ့ခြင်းပင်ဖြစ်သည်။  မကြာခင်ကဆိုလျှင်လည်း ဘေဆယ်အိုးပင်ဗိုလ်လုပွဲတွင် အာဂျင်တီးနားတင်းနစ်သမားဟွမ်ဒဲလ်ပေါ်ထရို ကိုအရေးနိမ့်ခဲ့သေးသည်။  ထိုသို့လက်ရည်ကျဆင်းမှုများဖြစ်ပေါ်နေသော ရော်ဂျာဖက်ဒဲရားအပေါ် အဓိက ပြိုင်ဘက်ဖြစ်ခဲ့ဖူးသူ လက်ရှိကမ္ဘာ့အဆင့်တစ် စပိန်သားရာဖေးလ်နာဒယ်လ်က သုံးသပ်လာခဲ့သည်။

“ ဒီနှစ်အတွင်း လက်ရည်ကျခဲ့ပေမယ့် ပြန်ကောင်းလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သံသယဖြစ်စရာ မလိုလောက်အောင် သူ့ရဲ့ပါရမီတွေကြောင့် ဘယ်ပြိုင်ပွဲမှာဖြစ်ဖြစ် ရေပန်းစားသူဖြစ်နေမှာပါ။ အကောင်းဆုံး ဆိုတဲ့ပြိုင်ပွဲကြီးတွေမှာပေါ့။ ဒီတော့ သူ့အနေနဲ့အဆင့်(၁)ပြန်ယူနိုင်ပါ့မလားဆိုပြီး ပြောနေကြတာတွေက သူ့ ရဲ့ရည်မှန်းချက်မဟုတ်လောက်ပါဘူး။ သူဒီနေရာမှာ အကြာကြီးနေခဲ့ပြီးပြီလေ။ တင်းနစ်ကွင်းထဲကိုဝင်ပြီး ဒီ ပြိုင်ပွဲကို ငါဗိုလ်စွဲနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်က ပျော်ရွှင်စေပါတယ်”ဟု ရာဖေးနာဒယ်လ်က ပြောခဲ့သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *