ဗမာဝတ်စုံကို အနောက်တိုင်းနဲ့ပေါင်းပြီးပုံသွက်သွက်လေးတွေချုပ်ရတာနှစ်သက်တဲ့ ဒီဇိုင်နာ ဌေးဌေးတင်

20130503_184429_resize.jpg
Shares 0

ဒီဇိုင်နာလောကထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူအဖြစ် နာမည်တွင်နေသူကတော့ ဒီဇိုင်နာဌေးဌေးတင်ပဲဖြစ်ပါတယ်။ သူမဟာ ၈၈ခုနှစ်ကတည်းက လက်မချုပ်နဲ့ စချုပ်တတ်ပြီဖြစ်ပြီး ဂျပန်စင်တီမီတာနည်းနဲ့ ချုပ်လုပ်ခဲ့တာကတော့ ၃နှစ်ကျော်လောက်ပဲရှိသေးသူပါ။ ဒီဇိုင်နာသက်တမ်းတစ်လျှောက် သူမတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရရှိပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေအပေါ်သူမရဲ့ ခံယူချက်တွေကတော့…….။

-ဒီဇိုင်နာလောကထဲကို စ၀င်ဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး။

အစ်မက ဒီအလုပ်ကို ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဆော့တာကအစ အချုပ်၊ အလုပ်ကို စိတ်ဝင်စားခဲ့တဲ့အတွက် အကျီင်္ံချုပ်တိုင်း ကစားခဲ့တယ်။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်လဲ ဒီအလုပ်က သင့်တော်တယ်လို့ထင်တဲ့အတွက် ရွေးချယ်ခဲ့တယ်။ ကိုယ်လဲဝါသနာပါတယ်ဆိုတော့ ဒီအလုပ်က အခုချိန်မှာတော့ အစ်မနဲ့အဆင်ပြေဆုံးပါပဲ။

-အစ်မအားသာတဲ့ အချုပ်အလုပ်အပိုင်းက။

အစ်မပိုနှစ်သက်တာက Evening Grown ပေါ့။ ဒါပေမဲ့ လူပိုအ၀တ်များပြီး စီးပွားဖြစ်တာကိုတော့ များသောအားဖြင့် အချုပ်များတယ်။ လူကြီး၊ လူလတ်၊ လူငယ်အကုန်လုံးက မြန်မာဝတ်စုံတွေပဲ အချုပ်များတယ်။ Evening ကတော့ လူငယ်ပဲပေါ့နော်။

-အစ်မရဲ့လက်ဦးဆရာက ဘယ်သူများဖြစ်မလဲ။

ငယ်ငယ်က အစ်မက လက်မချုပ်နဲ့သင်ခဲ့တုန်းက နယ်ကဆရာမနဲ့ပေါ့နော်။ အရမ်းကြီးတော့မဟုတ်ဘူးပေါ့နော်။ အခြေခံပဲပေါ့။ အဲဒါက ဆရာမဒေါ်သိန်းသိန်းမြင့်ပါ။ ခုနောက်ပိုင်း စင်တီမီတာနဲ့သင်ပေးတာကတော့ Dozo က ဒေါ်သီတာဝင်းပါ။

-အစ်မချုပ်တဲ့အခါ အားနည်းချက်၊ အားသာချက်ရှိရင်လဲပြောပြပေးပါဦး။

အစ်မကတော့ မျှပါတယ်။ အားနည်းချက်ရှိတယ်လို့ကိုယ့်စိတ်ထဲမှာထင်တိုင်း ပြန်ပြင်လိုက်တယ်။ ဂရုစိုက်ပြီးပြန်ပြင်တယ်။ အမှားအယွင်းသိပ်မရှိဘူးပဲပြောရမှာပေါ့နော်။ အားသာချက်ကတော့ အစ်မကပုံဆန်းလေးတွေချုပ်ပြီးထွင်တယ်။ နောက်ပြီးတော့ အစ်မက Cutting ပိုင်းကို အဓိကထားတယ်။ လူတိုင်းက Cutting ကောင်းကောင်းလေးတွေနဲ့ဆိုရင် အကျီင်္ံပုံက ရိုးနေရင်တောင်ပဲ ဆန်းသွားတယ်လို့ထင်ရတယ်ပေါ့နော်။

-အစ်မချုပ်တဲ့အခါ သူများနဲ့မတူတဲ့ ထူးခြားချက်တွေက။

အရမ်းထူးထူးခြားခြားကြီးအစ်မက မထွင်တဲ့အတွက် သိပ်မရှိဘူးပေါ့နော်။ အစ်မက မြန်မာဝတ်စုံဆိုရင်လဲ အနောက်တိုင်းနဲ့ပေါင်းစပ်ပြီးတော့ ခေတ်ဆန်ဆန်လေးတွေ ရွေးတယ်။ ရွေးပြီးလို့ရှိရင် ပုံသွက်သွက်လေးတွေ ချုပ်လေ့ချုပ်ထရှိတယ်။ အဲဒါက အစ်မရဲ့ထူးခြားမှုပေါ့နော်။

-အစ်မသုံးစွဲတဲ့ ပစည်းတွေကရော။

တချို့ကလဲ ဈေးအသင့်အတင့်ဆိုလဲ အသင့်အတင့်ပုံလေးတွေအစ်မချုပ်ပေးတယ်။ အစ်မသုံးလေ့သုံးထရှိတာကတော့ ကွာလတီကောင်းကောင်းနဲ့ဈေးကြီးတာတွေပေါ့။

-အစ်မဆီမှာ သင်တန်းသူရောလက်ခံလား။

လက်ခံပါတယ်။ မြန်မာဝတ်စုံသီးသန့်လဲရှိတယ်။ Basic Course ကို ငါးသိန်းယူတယ်။ မြန်မာဝတ်စုံကို ခြောက်သိန်းခွဲယူတယ်။သင်တန်းကာလက သုံးလပေါ့နော်။ မတတ်ရင်လဲ တတ်တဲ့ အထိသင်ပေးတယ်။

-၂၀၁၄ထဲမှာရော ဘယ်လို အရောင်တွေခေတ်စားမယ်လို့ထင်လဲ။

အရောင်တွေ ကတော့ လူတိုင်းနဲ့လိုက်မယ့်အသားရောင်ကိုအစ်မက ရွေးချင်တယ်။ ကာလာကတော့ ကိုယ်ကြိုက်တဲ့ကာလာကိုသုံးခွင့်ရှိတယ်။ အရောင်တိုင်းလိုလိုကို အခုက ၀တ်နေကြပြီဆိုတော့လေ။

-အစ်မဆီမှာလာအပ်တဲ့အခါကျရင်ရော ဘယ်လိုပုံစံလေးတွေဝတ်တာများလဲ။

ပွဲတက်တွေပိုများနေတယ်။ Dailyနည်းတယ်။ ပွဲတက်ပိုများတယ်။ ပုံစံကတော့ Elegant ဖြစ်တဲ့ပုံစံတွေပဲ ချုပ်တာများတယ်။ Accessorie ဆိုလဲ တန်ဖိုးကြီးကြီးလေးတွေ သုံးတာများတယ်။ တချို့ကလဲ Accessorie လျှော့သုံးတာကြိုက်တယ်။

-လာအပ်တဲ့ သူရဲ့စိတ်ကူးအတိုင်းပဲချုပ်ပေးတာလား။ အစ်မစိတ်ကူးအတိုင်းရောမချုပ်ပေးဘူးလား။

သူတို့လိုချင်တဲ့ပုံစံကို အစ်မအိုင်ဒီယာနဲ့ညှိနှိုင်းပြီး ချုပ်ပေးပါတယ။် အစ်မသဘောဆိုရင်တော့ ပိတ်စကိုကြည့်ပြီး သေချာလေးချုပ်ပေးတယ်။

-ဒီဇိုင်းပညာနဲ့ပတ်သတ်ပြီးလေ့လာမှုလေးတွေရှိရင်လဲပြောပြပေးပါဦး။

အရင်လက်မချုပ်နဲ့ရော၊အခုစင်တီမီတာနဲ့ရော အစ်မနဲ့အဆင်ပြေနေတယ်။ လေ့လာတာတော့ နိုင်ငံခြားကတ်တလောက်နဲ့ ဖက်ရှင်တီဗီတွေကြည့်တယ်။ အဲဒါလေးတွေ အပြင်လူတွေ ဘာကို အဓိကထားပြီးဝတ်နေသလဲဆိုတာတွေ လေ့လာဖြစ်တယ်။

-အစ်မဖွင့်ထားတဲ့ဆိုင်လေးတွေရှိရင်လဲပြောပြပေးပါဦး။

ဖွင့်ထားတာက ဗိုလ်ချုပ်ဈေးမှာ တစ်ဆိုင်၊ ညောင်ပင်လေးဈေးမှာ အခန်းနံပါတ် ၃၁၈ ၊၃လွှာမှာတစ်ဆိုင်၊  ဒီဇင်ဘာလလောက်ဆိုရင် ပြည်သူ့ရင်ပြင်မှာလည်း ထပ်ဖွင့်ဖို့ရှိပါတယ်။

-ဆိုင်မှာက ပိုးထည်ပါတွဲရောင်းလား။

ရောင်းပါတယ်။ ပိုးထည်တွေက အမရပူရကယူတာပါ။ ထိုင်းပိုးကတော့ ဘန်ကောက်ကပါ။ဇာတွေကလဲဘန်ကောက်ကပဲ။

-အစ်မချုပ်ပေးခဲ့တဲ့ အနုပညာရှင်တွေက။

အနုပညာရှင်တော်တော်များများကို ချုပ်ပေးဖူးတယ်။ ပြောရရင်အများကြီးပဲ။ ပင်တိုင်အပ်တာကတော့ သဉ္ဇာနွယ်ဝင်း၊ ပုလဲဝင်း၊မိုးယုစံ၊ ချမ်းချမ်းအများကြီးပါပဲ။ နောက်ပြီးနန်းဆုပင်တိုင်အပ်တယ်။

-အခုလိုအောင်မြင်လာတဲ့အပေါ် အစ်မရဲ့စိတ်ခံစားမှုက။

ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုမှာ အောင်မြင်မှုတစ်ခုရတဲ့အတွက် ကျေနပ်တယ်။ ၀မ်းလဲသာတယ်။ ဒီအလုပ်က မိန်းကလေးတွေနဲ့လဲသင့်တော်တယ်။ ကိုယ်လဲအရမ်းကိုပဲဖြစ်ချင်ခဲ့တဲ့ ဆန္ဒဖြစ်တဲ့အတွက် အစ်မဘ၀မှာအပျော်ဆုံးပါပဲ။

-အစ်မဆီမှာ ချုပ်တဲ့ ကာစတမ်မာတွေကိုရော ဘာပြောချင်သေးလဲ။

အစ်မဆီမှာမှမဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်မဲ့အရောင်နဲ့ဒီဇိုင်းကို သေချာတတ်သိနားလည်တဲ့ ဒီဇိုင်နာတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ၀တ်စုံလေးတွေကိုဖန်တီးပါ။ အစ်မဆီမှာ ချုပ်တဲ့ customerတွေလဲ စိတ်ကျေနပ်မှုအပြည့်အ၀ရရှိအောင်အစ်မက ချုပ်ပေးမှာပါ။

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *