R&B အဆိုတော် Ciara နဲ့ Rapper Future တို့စေ့စပ်

ciara_and_future_enggaged2.jpg
Shares 0

R&B အဆိုတော် Ciara နဲ့ သူ့ရဲ့ချစ်သူ Future စေ့စပ်လိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေတုန်းက New York မှာလုပ်ခဲ့တဲ့ Ciara ရဲ့၂၈နှစ်မြောက်မွေးနေ့မှာ Hip-hop ကြယ်ပွင့် Future က Goodies သီချင်းနဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ Ciara ကို ၁၅ကာရက် ရှိတဲ့စိန်လက်စွပ်နဲ့တင်တောင်းခဲ့တာပါလို့  သူတိုစုံတွဲရဲ့ ပြန်ကြားရေးတာဝန်ခံက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

အမြဲလိုလိုတသီးတသန့်နေတတ်တဲ့ Ciara ဟာဒီနှစ်ရဲ့အစောပိုင်းမှာ သူ့ရဲ့ချစ်သူနဲ့အတူစတင် လူလုံးထွက်ပြခဲ့တာဖြစ်ပြီး သူကဒီ rapper နဲ့အတူဘ၀ကိုအထိုင်ကျဖို့ စိတ်အားထက်သန်နေတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

Ciara က “ကျွန်မပျော်ရွှင်ပါတယ်။ ဒီအနေအထားမျိုးမှာကျွန်မကိုစိတ်ချမ်းသာစေတဲ့သူတစ်ယောက်နဲ့ ကျွန်မအတူရှိနေပါပြီ။ သူကကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့အတွက်ကျွန်မတို့စကားတွေ အကြောင်းစုံပြောဖြစ်ပါတယ်။ အချိန်တန်ပြီဖြစ်တဲ့ဒီကာလမှာ ကျွန်မမိသားစုတစ်ခုထူထောင်ဖို့စိတ်အားထက်သန်နေပါတယ်” လို့ပြောပါတယ်။

(Ref:starpulse)

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *