LGရဲ့ မျက်နှာပြင်ကွေး G Flex စမတ်ဖုန်းအကြောင်း ကောလာဟလ

111389-lg-g-flex.jpg
Shares 0

LGရဲ့ G Flexစမတ်ဖုန်းဟာ OLED displayကို ကွေးညွှတ်ထားပြီး မျက်နှာပြင်ကွေးအနေနဲ့ ပေါ်နေပြီလို့ သတင်းတွေထွက်နေပါတယ်။ ခုထက်ထိတော့ တကယ်ထွက်မှာလား၊ ကောလာဟလလားလို့ မဆုံးဖြတ်နိုင်သေးပါဘူး။ အာဂျင်တီးနားရုပ်သံအစီအစဉ်တင်ဆက်သူက G Flexကို စတူဒီယိုထဲမှာရိုက်ထားတဲ့ဗီဒီယိုဖိုင်နဲ့ ဂျာနယ်လစ် Federico Ini က တင်ပြထားတဲ့ဓါတ်ပုံတချို့ကို တွေ့ရပါတယ်။ Federico Ini ပြောကြားချက်အရတော့ G Flexရဲ့ မျက်နှာပြင်ကွေးအကျယ်ဟာ ၆လက်မရှိတယ်လို့သိရပါတယ်။ ဖုန်းနောက်ဘက်မှာတပ်ထားတဲ့ ခလုတ်တွေက LG G2စတိုင်နဲ့ တူတူပါပဲ။

13 megapixels ကင်မရာပါရှိပြီး G2, Galaxy Roundတွေနဲ့ အပြိုင်ပါပဲ။ LG နဲ့ Samsungတို့ကထုတ်တဲ့ မျက်နှာပြင်ကွေး OLED TVတွေနဲ့ဆင်တူနေတာကိုတွေ့ရပါတယ်။ အဲ့ဒီ့လို G Flexနဲ့ပတ်သက်တဲ့ ဗွီဒီယိုတွေ၊ ဓါတ်ပုံတွေ ထွက်ရှိလာတာနဲ့အမျှ၊ LGကုမ္ပဏီကလည်း G Flexကို တရားဝင်ထုတ်ပြန်ကြေညာဖို့အချိန် နီးကပ်လာပါပြီ။ ကျွန်တော်တို့လက်ထဲကို သိပ်မကြာခင်မှာပဲ ရောက်လာတော့မှာပါ။ နောက်လလောက် တောင်ကိုရီးယားမှာ စဖြန့်ချိမယ်လို့ Iniကပြောပါတယ်။ အမေရိကန်၊ ဥရောပနဲ့ လက်တင်အမေရိကတို့မှာ ဖြန့်ချိဖို့ အစီအစဉ်မရှိဘူးလို့သိရပါတယ်။

(Ref:TheVerge)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *