မန်စီးတီးအား ထိုက်တန်စွာအနိုင်ရခဲ့သည်ဟု အနိုင်ဂိုးရှင် တောရက်စ်ယုံကြည်ထား

newb1.jpg
Shares 0

စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်( ၉)တွင် အိမ်ရှင်ချဲလ်ဆီးအသင်းက မန်စီးတီးအား စပိန်တိုက်စစ်မှူးဖာနန်ဒိုတောရက်စ်၏ နောက်ကျအနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ ကံကောင်းထောက်မမှုနှင့် မန် စီးတီးဂိုးသမားဂျိုးဟတ်၏အမှားကြောင့်သာဖြစ်ကြောင်း ပြောလျက်ရှိကြသည်။ သို့သော်လည်း ပွဲအဖြေကို ပြောင်းလဲသွားစေခဲ့သည့်ဂိုးကို သွင်းခဲ့သည့်တောရက်စ်ကမူ မိမိတို့ထိုက်တန်စွာအနိုင်ရခဲ့ခြင်းဟု ယုံကြည် ထားသည်။ “ မန်စီးတီးလိုအသင်းကောင်းနဲ့ကစားတဲ့ပွဲစဉ်မှာ အခုလိုဖြစ်သွားခဲ့တော့ နောက်ဆုံးမိနစ်တွေက ပိုလို့တောင်မှ ချိုမြိန်နေပါသေးတယ်။ (၁-၁)ဆိုတဲ့ရလဒ်က မျှတတဲ့ရလဒ်လို့ မထင်မိပါဘူး။ တစ်ပွဲလုံးမှာ ကျွန် တော်တို့ပဲထိန်းသွားခဲ့သလို အခွင့်အရေးတွေလည်း ပိုပြီးဖန်တီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ဒါပေမယ့် အဂွဲရိုးလို ကစားသမားမျိုးရှိနေတဲ့ သူတို့အသင်းကလည်း တမဟုတ်ချင်းမှာ ဂိုးသွင်းနိုင်တာတော့ သိပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့တွေဟာ ထိုက်ထိုက်တန်တန်ပဲအနိုင်ရခဲ့ကြပါတယ်”ဟု အနိုင် ဂိုးရှင်တောရက်စ်က ပြောခဲ့သည်။ ချဲလ်ဆီးမှာ ယခုအနိုင်ပွဲကြောင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရမှတ် (၂၀)ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသော အာဆင်နယ်အောက် (၂)မှတ်အကွာတွင် ရပ်တည်လျက်ရှိသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *