Rock ဂီတကိုပုံဖေါ်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Lou Reed သေဆုံး

lou_reeds_death_resize.jpg
Shares 0

Rock ဂီတရဲ့သမိုင်းဝင်ဂီတသမားတစ်ယောက်ဖြစ်တဲ့ Lou Reed ဟာအောက်တိုဘာ၂၇ရက်နေ့မှာသေဆုံးခဲ့ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး သေဆုံးတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။ Reed ဟာပြီးခဲ့တဲ့မေလက အသည်းအစားထိုးကုသမှုခံယူခဲ့ပါတယ်။ Lou Reed ဟာတစ်ကိုယ်တော်ဂီတသမားအဖြစ်နှစ်ပေါင်း ၄၀ကျော်ကျင်လည်လာခဲ့တာဖြစ်ပြီး သူရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ Walk on the Wild Side နဲ့နာမည်ကျော်ခဲ့တာပါ။ သူရဲ့တစ်ကိုယ်တော်ဖန်တီးမှုတွေမလုပ်ခင်မှာ Lou Reed ဟာ Rock ဂီတရဲ့သြဇာကြီးပြီး တော်လှန်မှုဆန်တဲ့ Valvet Underground ၀ိုင်းရဲ့ခေါင်ဆောင်ဖြစ်ခဲ့ပါတယ်။ Valvet Underground ဟာ ၁၉၉၆ Rock and Roll Hall of Fame မှာသမိုင်းဝင်ခဲ့တာဖြစ်ပြီး သူတို့ဝိုင်းကို အမှတ်တရဖြစ်စေတဲ့သီချင်းတွေကတော့ I’m Waiting for the Man, Heroin, Sweet Jane နဲ့ Rock & Roll တို့ပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Lou Reed ဟာ Metallica ရဲ့ Lulu အမည်ရတဲ့ album မှာအတူပါဝင်ဖန်တီးခဲ့ပါတယ်။ ဒီ album ဟာ ဝေဖန်ရေးသမားတွေနဲ့ ပရိတ်သတ်အများစုရဲ့ အဆိုးဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီ album ဟာ Reed ရဲ့ဂီတလောကအပေါ်လွမ်းမိုးနိုင်မှုရှိကြောင်းကိုသက်သေပြခဲ့ပါတယ်။ သူသေဆုံးချိန်မှာတော့ Experimental နဲ့ art rock ဂီတသမားဖြစ်တဲ့ သူ့ရဲ့ဇနီး Laurie Anderson ကျန်ရစ်ခဲ့ပါတယ်။

(ref:loudwire)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *